Home » University Information

University Information






၁၂။ ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ မွေးထုတ်ခဲ့ပြီးသော ကျောင်းသား၊ ကျောင်းသူများသည် ယခုအချိန်တွင် ဌာနဆိုင်ရာ အသီးသီးတွင်လည်းကောင်း၊ ဘဏ်လုပ်ငန်းများတွင်လည်းကောင်း၊ ကုမ္ပဏီများတွင် လည်းကောင်း အသီးသီးလုပ်ငန်းခွင်သို့ ဝင်ရောက်လျက်ရှိရာ ဒေသဖွံ့ဖြိုးရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးရေးသို့ ဦးတည်လျက် လူ့စွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးလျက်ရှိပါသည်။

ပညာရည်မြှင့်တင်မှုဆောင်ရွက်ချက်များနှင့် တိုးတက်မှုအခြေအနေ

၁၃။ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)ရှိ ကျောင်းသား၊ ကျောင်းသူများ အားလက်တွေ့ကျွမ်းကျင်မှုစွမ်းရည် တိုးမြှင့်စေရန်ရည်ရွယ်၍ ကျောင်းသားတစ်ဦး ကွန်ပျူတာတစ်လုံးစီ ဖြင့် အတန်းလိုက် တစ်ပတ်လျှင် စက်ချိန်(၁၀)ချိန်ဖြင့် သင်ကြားပို့ချပေးလျက်ရှိပါသည်။ Lab ခန်း များတွင် လက်တွေ့သင်ကြားပို့ချနည်းများအား အသုံးချ၍ ကျောင်းသား၊ ကျောင်းသူများ လက်တွေ့ လုပ်ငန်းခွင်နယ်ပယ်တွင် အသုံးချနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ဘာသာရပ် ဆိုင်ရာကျွမ်းကျင်မှု ရရှိစေရန် နေ့စဉ် ညနေ ၃ နာရီခွဲမှ ၅ နာရီခွဲ အထိ Programming သင်တန်းကို ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)ရှိ ကျောင်းသား၊ ကျောင်းသူများအား အတန်းအလိုက် ဖွင့်လှစ် သင်ကြားပို့ချလျက်ရှိပါသည်။အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် အချိန်ပိုများသင်ကြားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
၁၄။ ပညာရည်မြှင့်တင်မှုလုပ်ငန်းဆောင်ရွက်ချက်များအနေဖြင့် ၂၀၀၁-၂၀၀၂ ပညာသင်နှစ်မှစ၍ ပညာသင်ကာလ(၃)နှစ်တန်း ရှိခဲ့ရာမှ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ပညာသင်ကာလ (၄)နှစ်တန်း အဖြစ်တိုးမြှင့်သင်ကြားခဲ့ပြီး ထိုမှတစ်ဆင့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစ၍ ကွန်ပျူတာတက္ကသိုလ်များအားလုံး၏ ပညာသင် ကာလအား (၅)နှစ်အထိ တိုးမြှင့်ဖွင့်လှစ်လျက်ရှိပါသည်။
၁၅။ ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)၏ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ပထမနှစ် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာသင်တန်း၊ ဒုတိယနှစ်ကွန်ပျူတာသိပ္ပံနှင့်နည်းပညာသင်တန်း၊ တတိယနှစ် ကွန်ပျူတာ သိပ္ပံနှင့်နည်းပညာသင်တန်း၊ စတုတ္ထနှစ်ကွန်ပျူတာသိပ္ပံနှင့်နည်းပညာသင်တန်းများကို (၁-၁၂-၂၀၁၄) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

သင်ကြားမွေးထုတ်နိုင်မှုအခြေအနေ

ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားမှု၊ သင်ယူမှုနှင့် IT ဆိုင်ရာ အသုံးပြုနိုင်မှု အခြေအနေနှင့်တိုးတက်မှုအခြေအနေ

၁၆။ ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားမှု၊ သင်ယူနိုင်မှုကို သိရှိစေရန် အတွက် သင်ခန်းစာများ အား အခန်းလိုက် Tutorial စစ်ဆေးခြင်း၊ လက်တွေ့လုပ်ဆောင်မှုများ စစ်ဆေးခြင်း၊ အတန်းလိုက် (၁၀)ဦးလျှင် တစ်အုပ်စုဖြင့် Group ဖွဲ့၍ စာလေ့လာစေခြင်း၊ Chapter End Test စစ်ဆေးခြင်း၊ Project များပြုလုပ်စေခြင်းဖြင့် စစ်ဆေးအကဲဖြတ် ဆောင်ရွက်လျက်ရှိပါသည်။

၁၇။ ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)တွင် ဖွင့်လှစ်လျက်ရှိသည့် ၂၀၁၆-၂၀၁၇ပညာသင်နှစ် အတွက် သင်တန်းအသီးသီးတွင် တက်ရောက်သင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ၏ စာရင်းမှာအောက်ပါအတိုင်းဖြစ်ပါသည်-