Home » Activities Plan

Activities Plan

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးသင်တန်းများ ဖွင့်လှစ်နိုင်မှု အခြေအနေ။
(ကာလတို/ကာလလတ်/ကာလရှည်)

ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်)တွင် HRD(human Resource Development) သင်တန်း များကို ဖွင့်လှစ်ပေးခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကွန်ပျူတာဘာသာရပ်ကို စိတ်ဝင်စားသူ လူငယ်များကို မွေးထုတ်ပေးခဲ့ပါသည်။ ၂၀၁၄-၂၀၁၅ပညာသင်နှစ်တွင်လည်း ကာလလတ် သင်တန်းအနေဖြင့် Diploma in Computer Science (D.C.Sc) အချိန်ပြည့်သင်တန်းကို (၉-၇-၂၀၁၅)ရက်နေ့မှ စတင်၍ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ဒုတိယနှစ်ဝက်စာမေးပွဲကို (၃၀-၃၀၂၀၁၆)ရက်နေ့မှ (၃-၃-၂၀၁၆)ရက်နေ့ထိကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ ထို့အပြင် အောက်ပါကာလတို သင်တန်းများကိုလည်း ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

– Certificate for Web Technology

– Certificate for Computer Application

– Certificate for information and Communication Technology

– Certificate for Computer Hardware Maintenance and Installation

ဝန်ထမ်းများ၊ ဆရာ၊ဆရာမများ အရည်အချင်းမြှင့်တင်ရေး သင်တန်း ပို့ချပေးမှု အ‌ခြေအနေ

ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်)ရှိ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများအား အရည်အချင်းမြှင့်မား လာစေရန် ဝန်ကြီးဌာနမှ စေလွတ်သော ဘာသာရပ်ဆိုင်ရာ သင်တန်းများကို တက်ရောက်ရန် စေလွှတ် ခြင်း၊ ကျောင်းပိတ်ရက်များတွင် English Reading & Writing Skill တိုးတက်စေရန် Projector ဖြင့် စုပေါင်း၍ လေ့ကျင့်စေခြင်း၊ ကျောင်းဆင်းချိန်တွင် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်စေခြင်း၊  Project များရေးသားခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ Workshop များ၊ Seminar များနှင့် Meeting များ ကျင်းပပြုလုပ်နိုင်မှု အခြေအနေ

ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)တွင် ပညာရေးမြှင့်တင်ရန်ရည်ရွယ်၍ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွင်း ကွန်ပျူတာတက္ကသိုလ်များနှင့် Samsung ကုမ္ပဏီမှ ပူးပေါင်း၍ ပညာရေး ဆောင်ရွက်ချက်အနေဖြင့် ၂၄-၆-၂၀၁၅ ရက်နေ့တွင် အနာဂတ်အခွင့်အလမ်းအတွက် သင်တန်း ပေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပပြုလုပ်ပြီး ဖြစ်ပါသည်။ အခါအားလျော်စွာ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ Workshop များ၊ Seminar များနှင့် Meeting များ ကျင်းပပြုလုပ် နိုင်ရန် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါသည်။

သုတေသနဆောင်ရွက်ထားရှိမှု အခြေအနေနှင့် တိုးတက်မှု အခြေအနေ

ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောကျောင်းတွင်း အကျိုးပြုသုတေသနလုပ်ငန်း အသေးစားများမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-

၁။ Website ရေးသားခြင်း

ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)၏ctivities များ၊ သမိုင်းကြောင်း၊ လက်ရှိအခြေအနေများ၊ စာမေးပွဲဆိုင်ရာကိစ္စရပ်များ၊ သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များအား ကျောင်းသား၊သူများနှင့်ဆရာ၊မများ အချိန်နှင့်တပြေးညီသိရှိနိုင်ရေး၊ လေ့လာသင်ယူနိုင်ရေးအတွက် ရည်ရွယ်ပြီး ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်) Website အား ရေးသားလျက်ရှိပါသည်။

၂။ Registration Software ရေးသားခြင်း   

တက္ကသိုလ်အကျိုးပြုသုတေသနလုပ်ငန်းများအဖြစ် ကျောင်းအပ်လက်ခံခြင်း၊ Enroll လုပ်ခြင်း အစရှိသည့် Registration Software ရေးသားပြီးဖြစ်ပါသည်။

၃။ ကျောင်းခေါ်ချိန်တွက်ချက်သည့် Software ရေးသားခြင်း

ကျောင်းသားများ၏ ကျောင်းခေါ်ချိန်တွက်ချက်သည်‌့စနစ် Software ရေးသားခြင်းအား             (၂၀၁၄-၂၀၁၅)ပညာသင်နှစ်၊ ဒုတိယနှစ်ဝက်မှ စတင် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ပါသည်။

၄။ ဘာသာပြန်သုတေသနလုပ်ငန်း

တိုင်းရင်းသားဘာသာစကားမှမြန်မာဘာသာသို့၄င်း၊ မြန်မာဘာသာအား တိုင်းရင်းသားဘာသာ စကားသို့၄င်း ဘာသာပြန်ဆိုစနစ်အား ဒေသအကျိုးပြုဆောင်ရွက်နိုင်ရေးအတွက် ကချင်တိုင်းရင်းသားဘာသာစကားကျွမ်းကျင်သူ ဆရာ၊ဆရာမများနှင့် ညှိနှိုင်းဆွေးနွေး လျက်ရှိပါသည်။

၅။ Dictionary Android Application ရေးသားခြင်း

အင်္ဂလိပ်- မြန်မာ – ကချင် Dictionary Software အား ရေးသားလျက်ရှိပြီး ပြီးစီးမှု ၅၀% ဖြစ်ပါသည်။

၆။ အထူးပြုဘာသာရပ်အလိုက် လေ့လာနိုင်ရန် စာကြည့်တိုက် e-library တည်ထောင်မှု သုတေသနလုပ်ငန်း

ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်)တွင် စာကြည့်တိုက်ထားရှိပြီးဖြစ်သည့်အပြင် e-library အား တည်ထောင်ထားရှိပြီးဖြစ်ပါသည်။ လက်ရှိတွင် e-library မှာ off line အနေဖြင့်သာ ရှိသေးသော်လည်း နောင်တွင် IEEE/ACM တို့တွင် Member များဖြစ်စေသည်အထိ on line ချိတ်ဆက်သွားမည်ဖြစ်ပါသည်။ သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ထားရှိနိုင်သည့် စာအုပ်များအရေအတွက် စုစုပေါင်း (၃၀၀၀)ခန့်ရှိပါသည်။ မြန်နှုန်းမြင့် နည်းလမ်းအသုံးပြု၍ ဆောင်ရွက်ခြင်း၊ Optical Fiber လိုင်းများရရှိအောင်ဆောင်ရွက်ခြင်း၊ လက်ရှိ off line စနစ်ဖြင့် ရေးသားဆောင်ရွက်ပြီးဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် လက်ရှိ Library မှ စာအုပ်စာရင်းများသာမက နိုင်ငံတကာ website များမှ e-book များအားDatabase တွင် ထည့်၍ စုဆောင်ပြီးဖြစ်ပါသည်။ ထိုမှတဆင့် Information Retrieval Systems ဖြင့် Database ထဲမှ စာအုပ်များကို ဆွဲထုတ်ကြည့်ရှုနိုင်ရန်ဆောင်ရွက်ပြီးဖြစ်ပြီး ပြီးစီးမှု (၁၀၀%) ဖြစ်ပါသည်။ ထို့အပြင် ပြည်တွင်း၊ ပြည်ပရှိတက္ကသိုလ်များမှ စာကြည့်တိုက်များနှင့် online ချိတ်ဆက် နိုင်ရေးအတွက် မိမိတက္ကသိုလ်ကိုယ်ပိုင် website လွှင့်တင်ခြင်းနှင့် Dynamic Access ရသည်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး IEEE, Springers, ACM တို့တွင် member ဝင်၍ မိမိတို့ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)၏ နှင့် Library ချိတ်ဆက်ခြင်း၊ ထိုသို့ IEEE Digital Library များတွင် member ဖြစ်ရန်အတွက် Registration fees များ ပေးဆောင်ခြင်းကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ အထောက်အပံ့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထိုမှတဆင့် နိုင်ငံတကာရှိတက္ကသိုလ်များ၏ e-library ဖြင့်ချိတ်ဆက်၍ လိုအပ်သောစာအုပ်များကိုရှာဖွေကြည့်ရှုခြင်း အစရှိ သည်တို့ကို အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

၇။ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆောင်ရွက်ချက်များ အခြေအနေ

ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်) တွင် ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတ တိုးပွားစေရန်နှင့် ပညာရည်မြင့်မားစေရန် ၂၀၁၃ ၂၀၁၄ ပညာသင်နှစ်တွင် စာကြည့်တိုက်ကို ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါသည်။ စာသင်နှစ်တိုင်းတွင် အခါအားလျော်စွာ လွတ်လပ်ရေးနေ့ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများ၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို ကွန်ပျူတာပန်းချီ၊ ပိုးစတာ၊ ကာတွန်းပြိုင်ပွဲများကို ဒေသဆိုင်ရာအဖွဲ့အစည်းများမှ ကြီးမှူးကျင်းပပြုလုပ်ပေးပါသည်။ နှစ်စဉ် ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်) မှ ကျောင်းသား၊ ကျောင်းသူများမှ ဆုများအသီးသီး ရရှိခဲ့ကြပါသည်။ ထို့ပြင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကွန်ပျူတာပန်းချီပြိုင်ပွဲနှင့် လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိပါသည်။ ကျောင်းသား၊ ကျောင်းသူများ ကျန်းမားစေရန်နှင့် ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် ကျောင်တွင်းအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း၊ မိုးရာသီဘောလုံးပြိုင်ပွဲများကို အခြားတက္ကသိုလ်များနှင့် ယှဉ်ပြိုင်စေခြင်း၊ ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲများတွင် ပါဝင်ဆင်နွဲစေခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါသည်။ ပရဟိတလုပ်ငန်းအနေဖြင့် ကျောင်းတွင်း သွေးလှူရှင် အသင်းများ ဖွဲ့စည်းပြီးသွေးလှူဒါန်းလျက် ရှိပါသည်။ ကျောင်းတွင်းလှုပ်ရှားမှု အနေဖြင့် ဝါဆိုသင်္ကန်းနှင့် ကထိန်သင်္ကန်းကပ်လှူပူဇော်ခြင်း၊ ဝတ်ရွက်အသင်းများ ဖွဲ့စည်းပြီး နေ့စဉ် ပရိတ်ပဌာန်းများရွတ်ဖတ်ပူဇော်ခြင်း၊ တက္ကသိုလ်ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်ပန်းပင်များ စိုက်ပျိုးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။