Home » Activities » ကွန်ပျူတာ၊ အင်္ဂံလိပ်စာ၊ ယဉ်ကျေးလိမ္မာဓမ္မစာပေ(CED-2019) သင်တန်း

ကွန်ပျူတာ၊ အင်္ဂံလိပ်စာ၊ ယဉ်ကျေးလိမ္မာဓမ္မစာပေ(CED-2019) သင်တန်း

 ~~~ လူငယ်များဘက်စုံဖွ့့ံဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်ကောင်းများ ရရှိရန်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ပြုသည့်အနေဖြင့် သတင်းအချက်အလက်နည်းပညာဆည်းပူးလိုသူများကို ကွန်ပျူတာအခြေခံလူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးရန်၊ အင်္ဂလိပ်စာကို အခြေခံမှ စတင်တတ်ကျွမ်း၍ ကိုယ်နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့စေရန် ၊ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်အေးဆေး စူးစိုက်တတ်စေရန်နှင့် ဗုဒ္ဓမြတ်စွာဘုရား၏တရားဒေသနာတော်များကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် နားလည်တတ်မြောက်စေပြီး ဓမ္မအသိများ ရင်မှာ ကိန်းဝပ်လာစေရန်ရည်ရွယ်၍ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်မှ ဓမ္မကထိက ဆရာတော်ဒေါက်တာဝါယာမာနန္ဒ (ရွှေဆံနွယ်ရတနာဖြိုးဝေကျောင်းတိုက်)အမှူးထား၍ ရွှေဆံနွယ်ရတနာဖြိုးကျောင်းတိုက်မှသံဃာတော်အရှင်သူမြတ်များနှင့်
ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်) ဆရာ၊ ဆရာမများမှ ကွန်ပျူတာ၊ အင်္ဂံလိပ်စာ၊ ယဉ်ကျေးလိမ္မာဓမ္မစာပေ(Computer, English, Dhamma-CED) သင်တန်းအား ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)တွင် 22-4-2019 ရက်နေ့မှ 22-5-2019 ရက်နေ့အထိ နံနက် ၈ နာရီမှ နေ့လည် ၂ နာရီအထိ ကုသိုလ်ဖြစ်သင်တန်းအား သင်တန်းကြေးအခမဲ့ဖြင့် ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပါတယ်။
***သင်တန်းကာလအတွင်းဗန်းမော်မြို့ရွှေဆံနွယ်အကျိုးတော်ဆောင်များနှင့် အလှူရှင်များက သင်တန်းသားများအား နေ့လည်စာဖြင့် ကုသိုလ်ပြုကျွေးမွေးသွားမည်ဖြစ်ပါတယ်။
***သင်တန်းတွင် လိုအပ်သော သင်ထောက်ကူပစ္စည်းများ၊ ကွန်ပျူတာများအား ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ကူညီပံ့ပိုးပေးမည်ဖြစ်ပြီး သင်တန်းသားများအတွက် စာအုပ်များ စာရွက်စာတမ်းများအား ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ အခမဲ့ကူညီ ပံ့ပိုးပေးဝေသွားမည်ဖြစ်ပါတယ်..။
***သင်တန်းသားသတ်မှတ်အရည်အချင်းမှာ အနည်းဆုံး အခြေခံပညာ အထက်တန်းအောင်မြင်ပြီးသူများ ဖြစ်ရမည်ဖြစ်ပြီး သင်တန်းသား အယောက်(၂၀၀)လက်ခံသင်ကြားပေးမှာ ဖြစ်ပါတယ်။
(စာရင်းပေးရမည့်နေရာမှာ ရွှေဆံနွယ်အကျိုးတော်ဆောင် ဦးအောင်လင်း+ဒေါ်မြမြ(သစ ၅၇) သာစည်ရပ်(Y2K အကြော်ဆိုင်)၊ ဗန်းမော်မြို ့။
ဆက်သွယ်ရမည့်ဖုန်း ၀၉ ၄၅၇၉၄၃၅၅၉၊ ၀၉၂၆၅၀၂၂၁၀၇၊ ၀၉၄၄၀၆၇၀၉၄၈၊ ၀၉-၂၆၄၈၂၄၅၀၆)

Image may contain: Ashin Viriya Yadanar, indoor
Image may contain: 1 person, indoor
Image may contain: 6 people, including Khin Nan Maw, Myint Theingi and Khinkhin Aye, people smiling, people standing and indoor
Image may contain: 2 people, people smiling, people standing and indoor
No photo description available.



Back